စမ်းချောင်း ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းက နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစား မဏ္ဍပ်အား စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာ အကြီးအကဲများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် သင်္ကြန်ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက သပြေခက်နှင့် အတာရေများ လိုက်လံပက်ဖျန်း၍ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။
စမ်းချောင်းမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစားမဏ္ဍပ်တွင် သင်္ကြန်ကာလအတွင်း သင်္ကြန်ယိမ်းအက အလှများ ကပြဖျော်ဖြေခြင်း၊ အဆိုတော်များမှ တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြူသွယ်ထွန်း(ပြန်/ဆက်)