မြစ်သား ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှင့် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားအား မြစ်သားမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် ယမန်နေ့ (၄) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှင့်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအား မိုင်မောသံချပ်ကာယန္တရားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအေးခိုင်နှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ မြစ်သားမြို့ပေါ်ရှိရပ်ကွက်ကြီးများနှင့်ဌာနဆိုင်ရာယိမ်းအဖွဲ့များကမြူမှောင်ဝေကင်းသီးချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး သင်္ကြန်ပွဲတော်အားသင်္ကြန်အကြိုနေ့မှ သင်္ကြန်အတတ်နေ့အထိ နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီထိလည်းကောင်း၊ မွန်းလွဲ (၃) နာရီမှညနေ (၆) နာရီထိလည်းကောင်း ရေကစားကြမည်ဖြစ်ပြီး အရွယ်သုံးပါးမရွေး၊ လူတန်းစားမရွေးမည်သူမဆိုလာရောက်၍ လွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း၊ နေ့စဉ်စတုဒီသာမုန့်များဖြင့် ကျွေးမွေးဧည်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းထွန်း (မြစ်သား)