မန္တလေးမြို့ဈေးချိုတော် ဈေးချိုသူမဟာသင်္ကြန်ရေကစားမဏ္ဍပ်ဖွင့်ပွဲကျင်းပ

ချမ်းအေးသာစံ ဧပြီ ၁၃

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ဈေးချိုုတော် ဈေးချိုသူ မဟာသင်္ကြန်ရေးကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ သင်္ကြန်အကြိုနေ့ နံနက် (၈)နာရီက ၂၆ လမ်း ၈၄ × ၈၅ လမ်းကြားရှိ ဈေးချိုသူမဟာသင်္ကြန်ရေးကစားမဏ္ဍပ်တွင် ကျင်းပခဲ့ ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်းကလည်း နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ဦးဆောင်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဈေးချိုတော်ဈေးအကြိုးဆောင်တစ်ဦးတို့မှ ဈေးချိုတော်ဈေးချိုသူ မဟာသင်္ကြန်ရေးကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းနှင့် ရွှေမန်းမာလာသီချင်းတို့ဖြင့် ကပြဖျော်ဖြေ ခဲ့ကြပြီး မန္တလေးမြို့ အထင်ကရ မြို့မငွေငန်းအလှပြယာဉ်ကြီးမှလည်း ဂါရဝပြုကပြဖျော်ဖြေကြခြင်း၊ ဈေးချိုသူ ယမ်းအဖွဲ့မှလည်း မမဈေးချိုသူ သီချင်းဖြင့် အပြန်အလှန် ကပြဖျော်ဖြေကြသည်။ ဈေးချိုသူ မဟာသင်္ကြန်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံကျော် ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင်များ၊ တေးသံရှင်များကလည်း အကအလှများ၊ တေးသံသာများဖြင့် ဖျော်ဖြေခဲ့ကသည့် အပြင် စတုဒိသာကျွေးမွေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းနိုင်