လယ်ဝေး ဧပြီ ၁၃
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီက နွေရာသီအခြေခံအင်္ဂလိပ်စကားပြော သင်တန်းနှင့် အခြေခံပန်းချီသင်တန်းဆင်းပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် နှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားကာ သင်တန်းနည်းပြ ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။
ဆက်လက်၍ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းတွင် ထူးချွန်ဆုရရှိသူများဖြစ်သည့် မောင်အာကာမင်းသန့်၊ မခွန်းချိုလင်းနှင့် မမိုးပြည့်သာ၊ ပန်းချီသင်တန်းတွင် ထူးချွန်ဆုရရှိသူများဖြစ် သည့် မောင်မြဲနိုင်ငံ၊ မောင်အားမာန်မြင့်သူ၊ မောင်ဇေဘုန်းမြတ်တို့အား မြို့နယ်ဦးစီးမှူးနှင့် သင်တန်း ဆရာ၊ ဆရာမများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ နွေရာသီအခြေခံအင်္ဂလိပ် စကားပြောသင်တန်းနှင့် ပန်းချီသင်တန်းတို့အား မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနတွင် တစ်လခွဲကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)