ရန်ကုန် ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၉၃) ရပ်ကွက်၊ အောင်သုခ ပရိယတ္တိစာသင်တိုက်၊ ဓမ္မဝိဇယခန်းမတွင် မြို့နယ်လုံးဆိုင်ရာဂိုဏ်းပေါင်းစုံ အစိုးရပါဠိပထမပြန်စာမေးပွဲမှ စာအောင်သံဃာတော်များ၊ သီလရှင်များကို (၁၁)ကြိမ်မြောက် စာအောင်လက်မှတ် ဆပ်ကပ်လှူဒါန်းခြင်း၊ စုဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် (၅)ကြိမ်မြောက် မြို့နယ်သာသနာနုဂ္ဂဟ ပထမပြန်စာမေးပွဲမှ စာအောင်သံဃာတော်များကို စာအောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ကပ်လှူပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များနှင့် ဆရာတော်၊ သံဃာတော်များမှ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင်ခဲ့ပြီး ဂီတအနုပညာရှင်များက ထူးမခြားနား တေးသီခြင်းဖြင့် ပူဇော်ကန်တော့ခဲ့သည်။ ဆက်လက်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်က စာပြန်ပွဲနှင့် ပက်သက်၍ သာသနာရေးဆိုင်ရာများ ဩဝါဒကထာ မိန့်ကြား၍ မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ အစိုးရပါဠိပထမပြန်စာမေးပွဲမှ စာအောင်သံဃာတော်များ၊ သီလရှင် များ၊ မြို့နယ်သာသနာနုဂ္ဂဟ ပထမပြန်စာမေးပွဲမှ စာအောင်သံဃာတော်များကို စာအောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်သာသနာရေး ဆိုင်ရာတာဝန်ရှိသူများမှ အသီးသီးကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် စာအောင်သံဃာတော်များ၊ ဩဝါဒစရိယဆရာတော်များ၊ ကြီးကြပ်ရေးသံဃာတော်များ၊ ကြီးကြပ်ရေးသီလရှင်များ စုစုပေါင်း (၂၉၃)ပါးအား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)