ပျော်ဘွယ် ဧပြီ ၁၂
ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နက် (၉) နာရီက ခင်ကြီးယကျေးရွာ ဘုရားငါးဆူဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များ၊ ငယ်စဉ်ကပင် မူးယစ်ဆေးဝါးမသုံးစွဲမိအောင် ရှောင်ရှားရမည့်အချက်များ၊ အသိပညာဗဟုသုတတိုးပွားရေးအတွက် စာပေဖတ်ရှုရမည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အပြန်အလှန် ရှင်းလင်းဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြသထားသည့် စာအုပ်စာစောင်များကို ပရဟိတဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)