သင်္ဃန်းကျွန်းမြို့နယ်၌ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

သင်္ဃန်းကျွန်း ဧပြီ ၁၂

သင်္ဃန်းကျွန်းမြို့နယ် င/ကရပ်ကွက်၊ ပန်းရိုက်လမ်း အမှတ်(၁၀) ဆန်စက်ဝန်းဟောင်းတွင်မတ်လ (၂၄) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာတွင် မီးဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့်အလှူ‌ငွေများ ‌ပေးအပ်ခြင်းကို ယမန်‌နေ့ နံနက်(၁၁)နာရီက သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့လှူဒါန်းခဲ့သည်။

ထိုသို့ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင်‌ မီးလောင်ကျွမ်းခဲ့သည့် နေအိမ်(၆)လုံးနှင့် တစ်စိတ်တစ်ပိုင်း လောင်ကျွမ်းသည့် နေအိမ် (၅) လုံး စုစုပေါင်းနေအိမ်(၁၁)လုံးနှင့် အိမ်ထောင်စု (၁၁)စုတွင် မီးဘေးသင့်သူလူဦးရေ ကျား (၂၁) ဦး ၊ မ(၂၁)ဦးတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်ခရိုင်ရုံး ဦးစီးမှူး ဦးစောမင်းလွင်နှင့်အဖွဲ့မှ မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် မီးလောင်ကျွမ်းသည့် နေအိမ်တစ်လုံးလျှင် ငွေကျပ်၂၀၀၀၀၀/နှုန်း နှင့် အိမ်အသုံးဆောင်ပစ္စည်း ၁၇မျိုးအားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းမီးလောင်ကျွမ်းသည့်နေအိမ် တစ်လုံးလျှင် ငွေကျပ် ၅၀၀၀၀/နှုန်း ဖြင့်လည်းကောင်း၊ မီးဘေးသင့်လူဦးရေ  (၄၂) ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၈၈၂၀၀/ အားလည်းကောင်း စုစုပေါင်းငွေကျပ် ၁၅၃၈၂၀၀/အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ခရိုင်(ပြန်/ဆက်)