ငါန်းဇွန်မြို့နယ် Community Centre ခန်းမ၌ ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန် ဧပြီ ၁၂

မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ငါန်းဇွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နေပြည်တော်မှ ထုတ်ဝေသည့် ၂၀၂၃ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သောအမိန့်/ညွှန်ကြားချက်များစာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ငါန်းဇွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ရုံးလုပ်ငန်းများဆောင်ရွက်ရာ၌ ဝန်ထမ်းများသည် လုပ်ငန်းများအမှားနည်းပြီး အန္တရာယ်ကင်းရှင်း၍ မြန်ဆန်တိကျစေရန်အတွက် လုပ်ငန်းဆောင်ရွက်ရာတွင် အမိန့်/ညွှန်ကြားချက်များသည် လုပ်ငန်းလမ်းညွှန်အဖြစ် သိရှိလိုက်နာဆောင်ရွက်ရန် အရေးကြီးကြောင်း၊ သို့ဖြစ်၍ အမိန့်/ညွှန်ကြားချက်များကို ဝန်ထမ်းတိုင်း ကျေညက်အောင် သိရှိထားရန်လိုအပ်ကြောင်းနှင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍  ဒုတိယဦးစီးမှူး ဒေါ်ချိုမြင့်ကြည်၊ ဓာတ်ပုံကျွမ်းကျင် () ဦးသက်နောင်ဦး၊ ရုပ်သံကျွမ်းကျင် () ဦးကိုကိုနိုင်နှင့် အငယ်တန်းစာရေး ဦးဘုန်းကျော်တို့က အမိန့်/ညွှန်ကြားချက်များကို ဆွေးနွေးဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)