မောက်မယ် နိုဝင်ဘာ ၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်နှစ်ခုမှ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအား အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ်၍ မဲရုံများတွင် ကြိုတင်ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်အတွင်း မဲရုံတွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ဆန္ဒမဲမပေးနိုင်သည့် အသက် ၆၀ နှစ်အထက် နာမကျန်းဖြစ်သူ၊ မသန်စွမ်းသူ ၊ ကလေးမွေးမည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးမွေးပြီး မိခင်စသည့် မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးနိုင်မည့် အခွင်အရေးများ မဆုံးရှုံးစေရန် ယနေ့နံနက် ၈ နာရီခွဲမှ စတင်ပြီး နိုင်ဝင်ဘာလ ၇ ရက်အပြီး ကြိုတင်ဆန္ဒမဲများအပြီးသတ် ဆောင်ရွက်ရန်အတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မဲရုံဝန်ထမ်းများမှ အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ရာတွင် အရွေးချယ်ခံနိုင်ငံရေးပါတီများ၏ တာဝန်ပေးထားသော ကိုယ်စားလှယ်များက လိုက်ပါစောင့်ကြည့်မှုများ ပါဝင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)