ကာလိ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများနှင့်တာဝန်ရှိသူများကို ယနေ့ နံနက်(၉)နာရီအချိန်ခန့်က ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆင့်ပွားသင်တန်းတွင် မဲရုံမှူးတာဝန်ရှိသူများ သင်တန်းသား သင်တန်းသူများကို မဲရုံဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်ဝတ္တရားများ၊ မဲရုံသုံးပစ္စည်းများအကြောင်း၊ မဲပေးရန် ကြိုတင်ပြင်ဆင်ခြင်းများ၊ မဲပေးလုပ်ငန်းအဆင့်ဆင့်၊ မဲရုံလုပ်ငန်းဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ လိုက်နာရမည့် စည်းကမ်းချက်များ စသည်တို့ကို အသေးစိတ် ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။
ကာလိမြို့ပေါ်(၆)ရပ်ကွက်မှ မဲရုံ(၆)ရုံနှင့် ကျေးရွာအုပ်စု(၅)အုပ်စုမှ မဲရုံပေါင်း(၁၅)ရုံ ဆောင်ရွက်ထားရှိပြီး အသက်(၁၈)နှင့်အထက် မဲပေးနိုင်သည့်မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၂၅၇၅၂)ဦးရှိကြောင်း ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)