ချမ်းအေးသာစံ ဧပြီ ၁၂
ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ ၂၆ လမ်း၊ ၈၄ × ၈၅ လမ်းကြားရှိ စျေးချိုသူ မဟာသင်္ကြန်မဏ္ဍပ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနား အစမ်းလေ့ကျင့်ခြင်းကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဈေးချိုသူ မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခန်းအနား အစမ်းလေ့ကျင့်ရာသို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ စျေးနှင့်သားသတ်ဌာနမှူး ဦးသက်နိုင်တို့နှင့် တာဝန်ရှိသူများ၊ အဆင့်မြင့် စျေးချိုတော်နှင့် တိုက်တန်ကြီးစျေး အကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းနှင့် အဖွဲ့ဝင်များ၊ စျေးချိုသူလှပျိုဖြူများနှင့် ယိမ်းအဖွဲ့ဝင် ၄၀၀ ဦး၊ အခြားဖိတ်ကြ စုစုပေါင်း ၆၀၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး၊ အစမ်း လေ့ကျင့်ရာတွင် မန်းတောင်ရိပ်ခို၊ ရွှေမန်းမာလာ၊ မမစျေးချိုသူ၊ စည်တိုသံပေး ပြည်ဗဟိုရ် ရန်ဝေး၊ လောင်းလေရွှဲလေ ရွှဲလေလှလေ စသည့် တေးသီချင်းများဖြင့် ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေခြင်းအစီအစဉ်များအား လေ့ကျင့်ဆောင်ရွက်ခဲ့ရာ ဦးဝင်းမောင်မှ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်