လွိုင်လင် နိုဝင်ဘာ ၆
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွိုင်လင်မြို့နယ် အတွင်းရှိ မဲရုံအသီးသီးမှ မဲရုံမှူးများထံသို့ ဆန္ဒပြုမဲလက်မှတ်များ နှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် (၉)နာရီက မြို့နယ် အုပ်ချုပ်ရေးမှူးရုံး နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်တွင် မဲရုံပေါင်း(၈၁)ရုံ ၊ အက်(၁၈)နှစ်ပြည့်ပြီးဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ(၉၆၆၂၄)ဦး ရှိကြောင်း သိရသည်။
လွိုင်လင်မြို့နယ်၌ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ၊ နာမကျန်းသူများ ၊ ဆန္ဒမဲပေးမည့်နေ့တွင် တာဝန်ထမ်းဆောင်ကြသူများသည် အောက်တိုဘာလ ၂၉ ရက်နေ့ မှ နိုဝင်ဘာလ ၅ ရက်နေ့ညနေပိုင်းအထိ ကြိုတင်ဆန္ဒမဲပေးခဲ့ပြီးသူ (၁၀၆၄၅)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူထံမှ သိရသည်။
မိုးလွင်ဦး(လွိုင်လင်)