သံဖြူဇရပ်မြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့်ပြည်သူများအား နေ့စဥ်ရေဂါလံ (၂၆၇၅၀) ခန့် သွားရောက်လှူဒါန်းပေး

သံဖြူဇရပ် ဧပြီ ၁၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နွေရာသီရေရှားပါး၍ သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား နေ့စဥ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌ ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် နွေရာသီကာလ သောက်သုံးမှုပြတ်လတ်မှုမရှိစေရေး မြို့နယ်အတွင်းရေရှားပါးသည့် ရပ်ကွက်ကျေးရွာအုပ်စုများသို့ ရေဖြန့်ဝေပေးနိုင်ရေးအတွက် မတ်လ ၃ ရက်နေ့တွင် မြို့နယ်အဆင့်လုပ်ငန်းအကောင်အထည်ဖေါ်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများဖြင့်ဖွဲ့ စည်းဆောင်ရွက်ခဲ့ပြီး၊ စေတနာရှင်အလှူရှင်များ၏လှူဒါန်းငွေဖြင့် စက်သုံးဆီဝယ်ယူပြီး ကော်မတီအဖွဲ့၏ကြီးကြပ်မှုဖြင့် နေ့စဥ်ရေပေးဝေရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဥ် (၂) စီး၊ မီးသတ်ယာဥ် (၁) စီး၊ ပုဂ္ဂလိကယာဥ် (၁) စီးတို့ဖြင့် နေ့စဥ်ရေဂါလံ (၂၆၇၅၀) အား အမှတ် (၃၁) ခြေလျှင်တပ်ရင်းအဝီစိတွင်းမှ ရေရှားပါးသည် ရပ်ကွက်၊ ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များသို့ သွားရောက်ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်ထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)