ငါ့သရောက် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီ အချိန်တွင် အမှတ်(၃) ရွှေတောင်ကုန်းရပ်ကွက်သို့ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့မီးသတ်ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသန်းလှိုင် ဦးဆောင်၍ သန္ဓေမီးသတ်အဖွဲ့များနှင့် နွေရာသီတွင် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် အမှတ် (၃)ရွှေတောင်ကုန်းရပ်ကွက်သို့ သွားရောက်ပြီး သောက်သုံးရေ ဂါလံ ၁၆၀၀ ဂါလံ သွားရောက်လှူဒါန်းခဲ့ပြီး ဆက်လက်ပြီး တခြားရပ်ကွက်များနှင့်
ကျေးရွာများသို့လည်း သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း ဦးစီးမှူးထံမှ သိရသည်။
ငါ့သရောက် (ပြန်/ဆက်)