သိန္နီ နို၀င်ဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ မိုင်းလီကျေးရွာ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသော မိုးစပါး Rs-Cs မျိုးစေ့ထုတ် DU-12 စိုက်ခင်း(၅၀)ဧကရှိ တောင်သူဦးစိုင်းအောင်ဖေ၏ လယ်မြေဧကတွင် မိုးစပါးအထွက်နှုန်း မှန်ကန်စေရေးအတွက် (၀.၁၀)ဧကအား စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စံကွက်ရိတ်သိမ်းရာသို့ မဲဆန္ဒနယ်မြေအမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်မြင့်ဇော်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦး၀င်းထင်စိုး၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးရာဇာမျိုးသန့်တို့က မျိုးစေ့ထုတ် တောင်သူများအပေါ် လိုအပ်ချက်များကို အသီးသီးရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ၀န်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ၀န်ထမ်းများက(၀.၁၀)ဧကအား လက်တွေ့ရိတ်သိမ်းပြသခဲ့ရာ (၁.၀၀)ဧက အထွက်နှုန်းမှာ (၁၄၃.၇၅)တင်းနှုန်း ထွက်ရှိကြောင်း သိရှိရသည်။
ဖိုးချို (ပြန်/ဆက်)