မလှိုင်၊ နိုဝင်ဘာ ၆
၂ဝ၂ဝပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေကို မြိုနယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ ဝင်များ အုပ်စု(၆)ဖွဲ့ခွဲပြီး ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကွင်ဆင်းစစ်ဆေးခဲ့ကြောင်းသိရသည် ။
အဆိုပါနေ့က မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် အဖွဲ့(၆)ဖွဲ့ခွဲပြီး မိမိတို့တာဝန်ကျရာ ရပ်/ကွက်ကျေးရွာ အုပ်စုများရှိ မဲရုံများသို့သွားရောက်၍ ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မဲရုံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားခြင်း ရှိ/ မရှိ ၊ မဲရုံပြင်ဆင်ရာတွင် အထောက်အကူပစ္စည်းများလုံလောက်မှု ရှိ /မရှိ ကိုကြည့်ရှု စစ်ဆေး ခဲ့ပြီး လာရောက်ဆန္ဒမဲ ပေးသူများအဆင်ပြေစေရေးအတွက် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် မဲရုံမှူး ၊ ဒုတိယ မဲရုံမှူးနှင့်အဖွဲ့ဝင်များ ၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များတွေ့ဆုံ၍ အခက်အခဲများ ရှိပါက ပွင့်ပွင်း လင်းလင်းဆေွးနွေးပေးရန် ဖိတ်ခေါ်ခဲ့ပြီး တင်ပြချက်များအပေါ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးဝင်းမောင် က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည် ။ “
ကျနော်တို့ မြို့နယ်ကော်မရှင်က မဲရုံများကို နိုဝင်ဘာ(၄) ရက် နေ့မှာအပြီးဆောင်ရွက်ထားဖို့နဲ့ နိုဝင်ဘာ(၅ )ရက်နေ့မှာ မြို့နယ်ကော်မရှင်က စစ်ဆေးသွားမှာ ဖြစ်ကြောင်းအသိပေး ပြောကြားထားပြီး ဖြစ်ပါတယ် ၊ ဒီနေ့ဆို့ အဖွဲ့(၆)ဖွဲ့ ခွဲပြီးရွာဆင်း စစ်ပါတယ်၊ တစ်ဖွဲ့ကို(၉ ) အုပ်စုနှင့်(၁ဝ) အုပ်စု ရှိပါ တယ် ၊ ကျနော်တို့ အဖွဲ့အနေနှင့် ရုံးပင်စောက် ၊ကုန်းတဲ ၊ မြောက်လည် ၊ မြင်းတွင်း ၊ ရေငံ ၊ အုပ်ဖိုကန်၊ ကူကြီးကုန်း ၊ ၊ရုံးတော၊နတ်စဉ်ကုန်း အုပ်စုပေါင်း(၉)အုပ်စုရှိပါတယ် ” ဟု မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးဝင်းမောင် ကပြောပြ ခဲ့ သည် ။
မလှိုင်မြို့နယ်တွင် မဲဆန္ဒနယ်မြေ(၁)၌ မဲရုံ(၁ဝ၄)ရုံ ၊ မဲဆန္ဒနယ်မြေ(၂) တွင် မဲရုံ(၁ဝ၆)ရုံ ၊ စုစုပေါင်း မဲရုံ(၂၁ဝ) ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေမှာ (၁၂၂၁၉၁ ) ရှိကြောင်းသိရသည် ။
အောင်ဌေး(မလှိုင်)