တန့်ယန်းမြို့နယ်တွင် အသက်(၆၀)နှစ်အထက် ကြိုတင်မဲပေးနိုင်ရေး အိမ်တိုင်ရာရောက် ဆောင်ရွက်ပေး

တန့်ယန်း  နိုဝင်ဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး၌ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲများကို လာရောက်ပေးလျက်ရှိကြရာ အမှတ်()ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား မလာရောက်နိုင်သော အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးအဖိုးဖွားများ၊ ကျန်းမာရေးချို့တဲ့သူများကို ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် အမှတ်()ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲက ယမန်နေ့ ညနေပိုင်းက အိမ်တိုင်ရာရောက် ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ အမှတ်()ရပ်ကွက် ကြိုတင်မဲပေးနေမှုတွင် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီး အဖိုးဖွား (၁၃၆)ဦးနှင့် မဲရုံ အသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် စေတနာ့ဝန်ထမ်းများ (၃၁)ဦး၊ စုစုပေါင်း(၁၆၇)ဦးက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တာဆီးရေး ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးကြရာ အမှတ်()ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူးနှင့်တာဝန်ရှိ သူများက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။                                      

မင်းလွင်ဦး(ပြန်/ဆက်)