မောက်မယ်မြို့နယ်၌ လမ်းမီးများ ထွန်းညှိတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မောက်မယ် ဧပြီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းတစ်ရပ်အနေဖြင့် လမ်းမီးများ ထွန်းညှိတပ်ဆင်ခြင်းလုပ်ငန်းနှင့် စည်ပင်သာယာမြို့မစျေးအတွင်း မီးတိုင်များတွင် မီးတပ်ဆင်ခြင်းလုပ်ငန်းများအား ယမန်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ရပ်ကွက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက်နှင့် မြို့မစျေးအတွင်း မီးများတပ်ဆင်ခြင်းလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစောဒိုစိုးနှင့် မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)