အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်

မောက်မယ် ဧပြီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယမန်နေ့က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်းပြသဆောင်ရွက်ခဲ့ရာ  ပြည်သူများ သိရှိလိုက်နာစေရန် ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်၊ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊  အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်သူများ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်၊ အပူရှိန်ပြင်းထန်ချိန်ပြည်သူများ သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အပူဒဏ်အန္တရာယ်ကျရောက်သည့် လူနာကိုအရေးပေါ်ရှေးဦးပြုစုခြင်း စသည်ဖြင့် ပြည်သူများသိစေရန်အတွက် ပြသဆောင်ရွက်ထားရှိကာ လမ်းသွားလမ်းလာ ဒေသခံမိဘပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)