မိုင်းတုံ ဧပြီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ဦးအောင်ဇေယျာဘုန်းကြီးကျောင်း၌ မိုင်းတုံမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်း ဦးဆောင်ကျင်းပခဲ့သည့် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၁၆း၀၀နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ ဆရာတော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့များ၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းနှင့်အဖွဲ့များ၊ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းသို့ တက်ရောက်သည့် ကလေးငယ်များမှ နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားပိတ်သိမ်းပြီး မန္တလေးစာသင်တိုက် ဆရာတော်ဓမ္မဓရ အရှင်ဉူးပညာဒီပက ဩဝါဒစကားမိန့်ကြားပြီးနောက် မိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက သင်တန်းတက်ခဲ့သည့် ကလေးငယ်များကို သင်တန်းတွင် သင်ယူခဲ့သည်များကို မမေ့အောင် ဆော့ကစားနေမည့်အစား မနက်တစ်ကြိမ် ညနေတစ်ချိန်အမြဲ ဘုရားစဉ်ရှေ့တွင် ဝတ်ပြုကြရန်နှင့် လိမ္မာယဉ်ကျေးသည့် ကလေးငယ်များဖြစ်ကြရန် အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းက သင်တန်းကာလ (၁၀)ရက်ဖြစ်သောလည်း သားငယ်/သမီးငယ်တို့အားလုံးသည် မှတ်ဉာဏ်များကောင်းကြတဲ့အတွက် အတက်မြန်ကြတာကိုတွေ့ရတဲ့အတွက် ဝမ်းသာမိပါကြောင်း၊ နှစ်စဉ်လည်း တစ်ဆင့်ပြီးတစ်ဆင့်တိုးပြီး ဖွင့်လှစ်ပေးနိုင်အောင် ကျိုးစားပေးသွားမှာဖြစ်ကြောင်းနှင့် မန္တလေးစာသင်တိုက် ဆရာတော်ဓမ္မဓရ အရှင်ဉူးပညာဒီပမှလည်း အခုလိုလာရောက်သင်ကြားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားပြီးနောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတက်ရောက်ခဲ့သည့် ကလေးငယ်များကို ဆရာတော်ဓမ္မဓရ အရှင်ဉူးပညာဒီပကသင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း မိုင်းတုံမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)