တောင်ကြီး ဧပြီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၁၄-၂၀၁၅) ကို ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ ညနေ ၄ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အသေးစား စက်မှုလက်မှု လုပ်ငန်းပေါင်း (၁၅၉၅) ကို မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ မြင်းကောင်ရေ (၅) ကောင်အားနှင့်အောက်ရှိပြီး အလုပ်သမား (၉) ဦးထက်မပိုတဲ့ စက်မှုလုပ်ငန်းနဲ့ အလုပ်သမား (၃)ဦးနှင့် အထက်ရှိတဲ့ လက်မှုလုပ်ငန်းတွေကို တရားဝင်ဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရန် မြန်မြန်ဆန်ဆန် စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်ထုတ်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း မှတ်ပုံတင် လုပ်ငန်းအသစ်များ တိုးပွားလာစေရေးနှင့် ပေါ်ပေါက်လာစေရေးတို့ကို ဆောင်ရွက်ခြင်းအပြင် မှတ်ပုံတင်ပြီး လုပ်ငန်းများကို ထဲထဲဝင်ဝင်လေ့လာပြီး ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ ပြဿနာတွေ စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းပေးစေလိုပါကြောင်းပြောကြားပါသည်။
ထို့နောက် လုပ်ငန်းမှတ်ပုံတင်များနှင့်ပတ်သက်၍ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက ရှင်းလင်းတင်ပြပြီးအစည်းအဝေးသို့ တက်ရောက်လာသော မှတ်ပုံတင်လုပ်ငန်း စိစစ်ရေးကော်မတီ အဖွဲ့ဝင်များကဆွေးနွေးအကြံပြုခြင်း၊ တင်ပြထားသော လုပ်ငန်းမှတ်ပုံတင်များအား အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြကြောင်းနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)