တာမိုးညဲ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ စနစ်တစ်ကျ ပြင်ဆင်ထားရှိမှု အခြေအနေများကို ယနေ့၊ နံနက်ပိုင်းအချိန်မှ စတင်၍ တာဝန်ရှိသူများက လိုက်လံကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာမိုးညဲမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးထွန်းနိုင်နှင့် တာဝန်ရှိသူများက တာမိုးညဲမြို့၊ ရပ်ကွက်အသီးသီး၌ ဖွင့်လှစ်ထားရှိသည့် မဲရုံစုစုပေါင်း(၁၁)ရုံတို့တွင် မဲရုံသုံးပစ္စည်းများ ခင်းကျင်းပြသထားရှိမှုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံကွင်းဆင်းစစ်ဆေးပြီး မဲရုံသို့လာရောက်၍ ဆန္ဒမဲပေးကြမည့် ပြည်သူလူများအား စနစ်တစ်ကျလက်ဆေးစေခြင်း၊ နှာခေါင်းစည်း တပ်ဆင်ပြီးမှသာ မဲရုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရန်၊ ဘေးကင်းလုံခြုံစွာဖြင့် မဲပေးနိုင်ရန်နှင့် အခြားလိုအပ်ချက်များကို မှာကြားခဲ့ကြောင်းသိရသည်။
ဌေးဌေးကြည်(ပြန်/ဆက်)