သထုံခရိုင် ဘီးလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက မြို့နယ်အတွင်း ရှိကျေးရွာများ၌ မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေး

ဘီးလင်း နိုဝင်ဘာ ၆

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင်  ၂၀၂၀   ပြည်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်   မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထာရှိမှု အခြေအနေ များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်သော    စည်ပင် သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းသန်းစိုး၊ စာရင်းစစ်ရုံး ဦးစီးအရာရှိ ဒေါ်အေးအေးမော်၊ ပြန်ကြးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံတို့ကယနေ့ နံနက်ပိုင်းက မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးရာတွင် ကျေးရွာအုပ်စုများဖြစ်သော  ဇုက္ကလိ၊ ကော့ကဒွတ်၊ တောင်စွန်း၊ဆင်အင်း၊ သဲဖြူကျောင်း၊ဖိုးဝါးသိမ်၊အလူး၊ဝင်းပြန်၊ကျောက်ရေတွင်း၊ နှင်းပုလဲ့၊ရွှေလှေ၊ညောင်ပလင်နှင့် လိပ်ခုံးကျေးရွာများရှိ မဲရုံများ၌ မဲရုံအတွင်း ပြင်ဆင်ခင်းကျင်းထားရှိမှု အခြေအနေ၊ မဲရုံလုံခြုံရေးနှင့် မဲရုံပြင်ပတွင် ကိုဗစ် - ၁၉ ကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့် အညီ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကိုကြည့်ရှု့စစ်ဆေးခဲ့ပြီး ဖြည့်စွက်ပြင်ဆင်ရန်လိုအပ်သည့် မဲရုံများကိုလည်း သတ်မှတ်ရက်  အတွင်းအချိန်မှီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးတို့ကို ကြီးကြပ်စစ်ဆေးခဲ့ကြောင်းသိရသည်။

ထူးနောင် (ပြန်ဆက်)