မြစ်သားမြို့နယ်တွင်  ပါဠိပထမပြန်စာမေးပွဲသတ္တမနေ့ ဆက်လက်ဖြေဆို

မြစ်သား ဧပြီ  ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲသတ္တမနေ့တွင် ပထမကြီးတန်းဘာသာပြန်ဘာသာကို ယနေ့မွန်းလွဲ (၁၂) နာရီအချိန်က ရှမ်းပွဲရပ်ကွက် ရွှေမုဋ္ဌောဘုရားပရိဝုဏ်ရှိ နန်းအိမ်သူဓမ္မဗိမ္မာန်အတွင်း ဖြေဆိုခဲ့ကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲကိုသတ္တမနေ့တွင် မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ ဖြေဆိုကြရာ ပထမကြီးတန်းစာရင်းရှိ (၁၂)ပါး၊ ဖြေဆိုသူ(၁၁)ပါး၊ ပျက်ကွက် (၁) ပါးသည် ဘာသာပြန်ဘာသာကို (၉၁) ရာခိုင်နှုန်းဖြေဆိုခဲ့ပြီး သံဃာတော် (၁) ပါး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သာသနာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ စာမေးပွဲသို့ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်သံဃာ့နာယကအဖွဲ့ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား နေ့ဆွမ်းနှင့်အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး စာမေးပွဲကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)