ရန်ကုန် ဧပြီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်ဘာသာစကား (အခမဲ့) သင်တန်းကို ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှိ သတ်မှတ်ရက်များတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါသင်တန်းကို မတ်လ (၁၆) ရက်နေ့မှစတင်ကာ ဧပြီလ (၂၈) ရက်နေ့အထိ အပတ်စဉ်စနေ၊ တနင်္ဂနွေ နံနက် (၉) နာရီမိနစ် (၃၀) မှ မွန်းတည့် (၁၂) နာရီအထိ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးဖြင့် သင်တန်းနည်းပြဆရာမ ဒေါ်အေးစန္ဒာက အခြေခံအင်္ဂလိပ်ဘာသာစကား သင်ကြားပို့ချလျက်ရှိသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ရုံးအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာများ ရရှိစေရန်အတွက် သင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)