ဇေယျာသီရိ ဧပြီ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ စာသင်ဝိုင်း ၁၄ ဝိုင်းဖွင့်လှစ်၍ ဧပြီလ ၆ ရက်နေ့မှစတင်၍ သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေး၏ အခန်းကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးအတွက် ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ခေတ်အေးကျေးရွာ၊ သက်နှင်းအင်းကျေးရွာ၊ ကျည်တောင်ကျေးရွာ၊ သာစည်ကျေးရွာ၊ နန်းဩကျေးရွာ၊ ကျွန်းရောင်းကျေးရွာ၊ သစ်တပ်ကျေးရွာ၊ ပုပ္ပါးကုန်းရပ်ကွက်နှင့် အောင်ဇေယျရပ်ကွက်များ၌ စာသင်ဝိုင်း ၁၄ ဝိုင်းတွင် စုစုပေါင်း စာသင်သားဦးရေ ၂၁၆ ဦးအား ဦးအား နည်းပြဆရာ၊ ဆရာမများ၊ ကြီးကြပ်ရေး ဆရာ၊ ဆရာမများက ရက် ၄၀ ကြာ တစ်ရက်လျှင်ပျှမ်းမျှ သုံးနာရီနှုန်းဖြင့် နာရီပေါင်း ၁၂၀ သင်ကြားပိုချသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)