ကျောက်ဆည် ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ကြားခွင့်ရရှိနိုင်ရန် ကျောင်းသုံးဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ အခမဲ့ထောက်ပံ့ပေးနိုင်ရေး ယနေ့နံက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းသုံးဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ ထုတ်ပေးရာတွင် ကျောက်ဆည်မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက သက်ဆိုင်ရာအခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် KG တန်းမှ Grade-12 အတန်းထိ ပညာသင်ယူသွားမည့် ကျောင်းသား၊ ကျောင်းသူအရေအတွက်နှင့်အညီ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ ဘောပင်များ ထုတ်ပေးလျက်ရှိသည့်အပြင် KG-2 တန်း မှ Grade-4 တန်း ကျောင်းသား/ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများဖြစ်သည့် ရုပ်ကဒ်၊ A-4 စာရွက်၊ စည်းဝါးအစုံ၊ နာရီအကြီး/ အသေး၊ အလီဇယား၊ square paper၊ Dot paper၊ အတွဲ (၁) ကာယဗွီနိုင်း၊ အတွဲ(၂) ကာယဗွီနိုင်းများအား စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာကျောင်း(၁၈၆)ကျောင်းနှင့်ဘုန်တော်ကြီးသင်ပညာရေးကျောင်း (၁၈)ကျောင်းရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် KG တန်းတွင် ကျောင်းသား/ကျောင်းသူ(၅၀၇၈)ဦး၊ KG-1 တန်းတွင်(၆၀၀၇)ဦး၊ KG-2တန်းတွင်(၆၉၆၅)ဦး၊ KG-3တန်းတွင်(၅၇၉၁)ဦး၊ KG-4တန်းတွင်(၄၂၉၅)ဦး၊ KG-5တန်းတွင်(၃၈၄၃)ဦး၊ KG-6တန်းတွင်(၂၉၂၆)ဦး၊ KG-7တန်းတွင်(၁၁၃၇)ဦး၊ KG-8တန်းတွင်(၂၅၂၃)ဦး၊ KG-9တန်းတွင်(၂၀၁၃)ဦး၊ KG10တန်းတွင်(၁၅၂၂)ဦး၊ KG-11တန်းတွင်(၁၃၆၆)ဦး၊ KG-12(၇၅၅)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်မောင်(ကျောက်ဆည်)