ကျောက်ဆည် ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ၁၃၈၅ ခုနှစ် မဟာရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံစံနှင့်အညီ ပြည်သူများ၏ပင်ပန်းနွမ်းနယ်မှုကို အတာရေပတ်ဖျန်းရာ၌ နှစ်သစ်တွင် စွမ်းအားအပြည့်ဖြင့် လန်းဆင်စေရန်အတွက် ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့မိ/မြို့ဖများ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံများ ပူးပေါင်း၍ ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများဖွဲ့စည်းကာ ကျောက်ဆည်မြို့ စုကြီးရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဘေး ပတ္တမြားကားဂိတ်အနီးတွင် အလျား(၆၀)ပေ၊ အနံ(၃၅)ပေ၊ အမြင့်(၄)ပေ ဗဟိုမဏ္ဍပ်အပါအဝင် အလျား(၄၀)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၁၅)ပေမဏ္ဍပ်(၆)ခုနှင့် သင်္ကြန်အငွေ့အသက်များဖြင့် အမိုး၊ အကာများဖြင့်ပြုလုပ်ထားသည့် အရှည်(၉၅၀)ပေ၊ အကျယ်(၁၀)ပေ၊ အမြင့်(၉)ပေ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်(၁)ခု ဆောက်လုပ်ပြီး ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာရေကစားခြင်းများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့ မဟာရိုးရာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်တွင် ဧည်ခံဆိုင်းအဖြင့် မန္တလေးတိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် စိန်ဝဏ္ဏဆိုင်းအဖွဲ၊ ဗွီဒီယိုနှင့်MRTV-4 သရုပ်ဆောင်မင်းသမီး ပန်းအိန္ဒြေထက်နှင့် အဆိုတော်(၁၅)ဦး၊ သံစုံတီးဝိုင်း ခေတ်ပေါ်တေးဂီတများဖြင့် သီဆိုဖျော်ဖြေသွားမည့်အပြင် သင်္ကြန်ယိင်းအကအလှအဖွဲ့များမှလည်း ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ဧည့်ခံကပြယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ခရိုင်/ပြန်ဆက်)