သာစည်မြို့နယ်၌ ၃၃ ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

သာစည် ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲအောင်သံဃာများနှင့် နိကာယ်အောင်သံဃာတော်များအား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ်(၆)ရပ်ကွက် သာယာကုန်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့်တက်ရောက်လာသူများက နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ သာစည်မြို့ဓမ္မာလင်္ကာရ ရေအားလျှပ်စစ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိန္ဒာစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသက်ကျော်က သာသနာရေးဆိုင်ရာများလျှောက်ထားသည်။ထို့နောက် သာယာကုန်း ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တပုညဓဇက အဖက်ဖက်မှ ကူညီပံ့ပိုးကြသော ရဟန်းရှင်လူများအား ဝမ်းမြောက်စကားပြောကြားသည်။ ဆက်လက်ပြီး ကြီးကြပ်ဆရာတော်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဝတ္ထုငွေများဆပ်ကပ်လှူဒါန်းပြီး နိကာယ်အောင် သံဃာတော် ၂၁ ပါး၊ မူလတန်း အောင် ၈ ပါး၊ အလတ်တန်းအောင် ၁ ပါးနှင့် အငယ်တန်းအောင် ၁ ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ဆွမ်းလောင်းအသင်းများက ဘွဲ့တံဆိပ်၊ စာအောင်လက်မှတ်များနှင့် ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)