မိုင်းဆတ်မြို့၌ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

မိုင်းဆတ် နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယာယီမဲရုံ ဆောက်လုပ် ပြီးစီးမှုနှင့် မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ယမန်နေ့မွန်းလွဲ()နာရီက တာဝန်ရှိသူ တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းတူးနှင့် အဖွဲ့ဝင်များက ကျတီကျေးရွာ ..က ကျောင်းတွင်ပြင်ဆင်ထားရှိသည့်မဲရုံအမှတ်() မယ်ဆတ်ကျေးရွာ ..က ကျောင်းတွင်ပြင်ဆင်ထားရှိသည့်မဲရုံအမှတ်() ကျဒယ်ရပ်ကွက် ..က ကျောင်းတွင်ပြင်ဆင်ထားရှိသည့် မဲရုံအမှတ်()နှင့် နောင်ဘိုကျေးရွာစာကြည့်တိုက်တွင် ယာယီမဲရုံအမှတ်()ဆောက်လုပ်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မဲရုံအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေနှင့် မဲလက်မှတ် အရေအတွက် ပြည့်စုံစွာထုတ်ယူရရှိမှု ရှိ/မရှိ၊ မဲလက်မှတ်နှင့်မဲရုံသုံးပစ္စည်းများလုံခြုံစိတ်ချစွာ သိမ်းဆည်းထားခြင်း ရှိ/မရှိ၊ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပစ္စည်းများလုံလောက်စွာရရှိမှု ရှိ/မရှိ၊  မဲရုံသုံးပစ္စည်းများ လုံလောက်စွာရရှိမှု ရှိ/မရှိ မဲဆန္ဒရှင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ဆန္ဒမဲပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ မဲဆန္ဒရှင်များလုံခြုံစိတ်ချစွာ ဆန္ဒမဲ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ မဲရုံပုရဝုဒ်များ သတ်မှတ်ထားခြင်း ရှိ/မရှိ၊ ကြိုတင်ဆန္ဒမဲ ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ကြိုတင်ဆန္ဒမဲများအား လုံခြုံစိတ်ချစွာ သိမ်းဆည်းထားရှိမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မိုင်းဆတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန် မဲရုံပေါင်း(၅၈)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၅၉၇၀၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)