မိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ‌အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

မိုင်းတုံ ဧပြီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမ၌ အသိပညာပေဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့နေ့ခင်းပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က "လူငယ်တို့၏ အနာဂတ်ပန်းတိုင်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီးနောက် ပြိုင်ပွဲများကို မြို့ပေါ်ရပ်ကွက်‌ကျေးရွာရှိ လူငယ်၊ လူရွယ်များအနေဖြင့် ပေါင်းသင်းဆက်ဆံရာတွင် ချိုချိုသာသာ‌ပြောတတ်သည့် အလေ့အထ ဖြစ်ပေါ်လာစေရန်၊ စိတ်ဓာတ်ခွန်အားများ အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အများအကျိုးကိုဆောင်ရွက်တတ်သည့် အ‌လေ့အကျင့်‌ကောင်းများ ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများတိုးပွားလာ‌စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

အဆိုပါ လူငယ်၊ လူရွယ်များမှာ‌ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကလေးငယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်ဆက်)