ထန်းတပင်မြို့နယ်၌ ကိုရီးယားဘာသာစကား (4 Skill)သင်တန်း (အခမဲ့)ဖွင့်လှစ်

ထန်းတပင် (ရန်ကုန်) ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကိုရီးယားဘာသာစကား (4 Skill) သင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး သင်တန်းဖွင့်ပွဲတွင်လည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေး ကသင်တန်း ဖွင့်လှစ်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများကို ရှင်းလင်းပြောကြားခဲ့သည်။
ကိုရီးယားဘာသာစကား (4 Skill)သင်တန်းကို ဧပြီလ(၇)ရက်နေ့မှ မေလ(၅)ရက်နေ့အထိ အပတ်စဥ် စနေနေ့နှင့်တနင်္ဂနွေနေ့များတွင်
  (အခမဲ့)ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင်လည်း သင်တန်းနည်းပြ ဆရာမ  ဒေါ်ဟန်နာဆု B.A (korean-Topik 6)ကကိုရီးယားဘာသာစကား (4 Skill)ကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)