တောင်သာမြို့၌ ပါဠိပထမပြန်စာမေးပွဲဆက်လက်ဖြေဆို

တောင်သာ ဧပြီ  ၅

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊တောင်သာမြို့ ရေလည်ကျောင်းရိပ်သာဝင်းအတွင်းရှိ ဗိမာန်၌ ယနေ့ မွန်းတည့် (၁၂) နာရီအချိန်က မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ သံဃာ တော်များနှင့် သီလရှင်များ လာရောက်ဖြေဆိုရာ ပထမကြီးတန်း၌ စာရင်း ရှိ(၆) ၊ ဖြေဆို (၅)၊ ပျက်ကွက်(၁)၊ အဘိဓမ္မတ္ထသင်္ဂဟဘာသာ၊ ပထမလတ်တန်း၌ စာရင်းရှိ (၇)၊ ဖြေဆို (၆)၊ ပျက်ကွက် (၁)၊ အဘိဓမ္မတ္ထသင်္ဂဟဘာသာ၊  ပထမငယ်တန်း၌  စာရင်းရှိ(၁၁)၊ ဖြေဆို(၁၀)၊ ပျက်ကွက် (၁)၊ အဘိဓမ္မတ္ထသင်္ဂဟဘာသာနှင့် အခြေပြုမူလတန်း၌ စာရင်းရှိ (၄၁)၊ ဖြေဆို (၂၄)၊ ပျက်ကွက်(၁၇) သည် အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ်များကို ဖြေဆိုကြကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှစ၍ ဧပြီလ(၉)ရက်နေ့အထိ နေ့စဉ် မွန်းတည့် (၁၂)နာရီမှ ညနေ(၃)နာရီအထိ ဖြေဆိုသွားမည်ဖြစ်ပြီး ကြီးကြပ်ဆရာတော်ကြီးများ၊ ဖြေဆိုသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်း၊ ကွမ်း ဖူလုံစေရေးနှင့် စာမေးပွဲ ဖြေဆိုရာတွင် လိုအပ်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊  မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ရုံးဝန်ထမ်းများ၊ဌာနဆိုင်ရာများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)