ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာတွင်  “ရဲဘော်အောင်ဒင်” စာအုပ်စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည်    ဧပြီ   ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၁)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာဗန်းမော်တင်အောင် ရေးသားသည့် “ရဲဘော်အောင်ဒင်” စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး ဒေါ်ခင်ချို(သီရဂူ-ကျောက်ဆည်)က ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဖတ်ရှုလေ့လာရာတွင်ရရှိမည့် အကျိုးကျေးဇူးများ၊ အသိပညာနှင့် အတတ်ပညာပေါင်းစပ်မှတန်ဖိုးရှိသည့် လူတစ်ဦးဖြစ်လာမှာဖြစ်ကြောင်း၊ ရည်ရွယ်ချက်ထားပြီး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စိတ်ထားမြင့်မြတ်ကောင်းမွန်သူများဖြစ်အောင် ကြိုးစား ကြစေလိုကြောင်း၊ စာရေးဆရာဗန်းမော်တင်အောင်ရေးသားသည့် “ရဲဘော်အောင်ဒင် ကဲ့သို့ ဇွဲ၊လုံ့လ၊ ဝီရိယဖြင့် ကြိုးစားအားထုတ်ကြစေလိုကြောင်း စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ရှိန် မြင့်မားစေရေးနှင့် ကျောင်းသား/ကျောင်းသူများ၊ အတွေးအမြင်များ ဖလှယ်နိုင်ရေး၊ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦးချစ်ခင် ရင်းနှီးမှုပိုမိုရရှိရေး၊ စာဖတ်ဝိုင်းများကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး  ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)