နွားထိုးကြီး ဧပြီ ၅
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ပျိုးတက်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး (Book Club)အဖွဲ့ဝင်များက မိဘချင်း မချစ်မခင်မကြင်နာနှင့် အဆင် မပြေလျှင် သားသမီးများ အနေခက်သည်၊ တစ်ယောက်နှင့် တစ်ယောက်အပြစ်မြင်ကြ အပြစ်တင် ကြ၊ မကျေမနပ် ပြောဆိုကြ၊ ခိုက်ရန်ဒေါသဖြစ်ကြလျှင် ကလေးများ လွန်စွာ စိတ်ဆင်းရဲကြရသည်၊ ထိုမိဘများသည် ကလေးများအပေါ်တွင် အချစ်အကြင်နာ နည်းတက်သည် လင်မယားချင်းဖြစ်သည့် ဒေါသမှတစ်ဆင့် ကလေးများသို့ ကူးပြောင်း၍ ဆူပူကြိမ်းမောင်းခြင်း ရိုက်နှက်ခြင်း ရက်စက်ခြင်းများ ပြုတက်သည်။ ထိုအခါ ကလေးများကလည်း မိဘများကို မကျေနပ်မနပ်ဖြစ်၍ ချစ်ခင်လေးစား ရိုသေမှု ပျက်တက်သည် ထိုအိမ်ထောင်မိသားစုမျိုးသည် မေတ္တာအကြင်နာ ခေါင်းပါးနေတက်၏ ထိုမိသားစုမျိုးတွင် ကလေးဖြစ်ရသည်မှာ ကံဆိုးလှပေသည်ဟု စာရေးဆရာ လယ်တွင်းသား စောချစ်၏ ပန်းလိုချင် အပင်ပျိုးတက်မှ စာအုပ်ပါအကြောင်းအရာများမှ နားလည်မှတ်သားထားရှိ မှုများကို နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် အတူတစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်