ညောင်ရွှေမြို့နယ်အတွင်း ရွေးကောက်ပွဲပြုလုပ်မည့် မဲရုံများကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

ညောင်ရွှေ     နိုဝင်ဘာ    

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်နှင့်ကျေးရွာအသီးသီးရှိ သတ်မှတ်မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းကို ယမန်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြကြောင်း သိရှိရသည်။

အဆိုပါ မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဆင်းကြီး ကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ညောင်ရွှေမြို့နယ်အတွင်း ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၃၄ အုပ်စုရှိ မဲရုံပေါင်း ၁၄၃ ရုံရှိကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ