ညောင်ဦး ဧပြီ ၇
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း ဟိုတယ်၊ မိုတယ်တည်းခိုရိပ်သာများ တည်းခိုနေထိုင်ကြရန် Online မှ ကြိုတင်ချိတ်ဆက်ထားမှုများဖြင့် ဟိုတယ်၊ မိုတယ် ၉၀ လုံး ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) တာဝန်ရှိသူများထံက သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများက ရှေးဟောင်းနံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများအား စိတ်ဝင်တစားလေ့လာမှု များပြားလာခဲ့ကြောင်း သိရပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများပြားနေပြီး ဘုရားများဖူးမြှော်လျက်ရှိကြောင်း ခရီးသွားဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖူးမြှော်နိုင်ရေး ပြည်တွင်းဧည့်လမ်းညွှန်များ၊ ဒေသခံများကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရေး လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေကြောင်းခရီးဖြင့်လာရောက်ကြခြင်း၊ ကိုယ်ပိုင်ကားများ၊ ခရီးသွားလုပ်ငန်းကားများဖြင့် လာရောက်လျက်ရှိကြောင်း၊ ခရီးသွားဘုရားဖူးဧည့်သည်များ အဝင်များလျက်ရှိပြီး အီးဗိုက်၊ မြင်းလှည်၊ တုတ်တုတ်(ခေါ်)မီနီ အိုးဝေများ၊ တိုးကားများ အငှားလိုက်ရပြီး ဝင်ငွေကောင်းနေကြကာ စားသောက်ဆိုင်များလည်း ဘုရားဖူးများခြင်းကြောင့် ရောင်းအားကောင်းနေကြကြောင်း သိရသည်။
ဒီပါလင်း