ကော့မှူးတွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ကော့မှူး ဧပြီ ၇

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဘုရားလမ်းရပ်ကွက် တောရကျောင်းတိုက်အတွင်းရှိ မိဂဒါဝုန်ဓမ္မရုံတော်ကြီး၌ ယနေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် တက်ရောကိလာကြသော ဧည့်ပရိတ်သတ်များက နမောတသသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဒုဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ‌ဒေဝိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက သာသနာရေးဆိုင်ရာကိစ္စများအား လျှောက်ထားခဲ့ပြီး ကြွရောက်လာသော ဩဝါဒဆရာတော်များအား နဝကမ္မဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာအောင်သံဃာတော်များအား အောင်လက်မှတ်များနှင့်နဝကမ္မဝတ္တုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝ၊ တွံ‌တေးခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝင်းထွန်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဥပဌာကဥက္ကဋ္ဌ ဦးခင်ဇော်နှင့်တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမလတ်တန်းစာအောင်သံဃာ (၇) ပါး၊  ပထမငယ်တန်းစာအောင်သံဃာ (၃၅) ပါး၊ အခြေပြုမူလတန်းသံဃာ (၂၉) ပါး၊ သီလရှင် (၁) ပါး၊ စုစုပေါင်းသံဃာ (၇၁) ပါးနှင့် သီလရှင် (၁) ပါး အောင်မြင်ခဲ့ကြောင်း သိရသည်။

ကျော်သူရ