ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သေသော်မှတည့် ဪကောင်း၏ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ခရမ်း ဧပြီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာရန်ကုန်ဘဆွေ၏ သေသော်မှတည့် ဪကောင်း၏ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၁) နာရီက ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး၊ Book Club အဖွဲ့ဝင် ဦးမင်းဦးက စာရေးဆရာကြီး ရန်ကုန်ဘဆွေ၏ သေသော်မှတည့် ဪကောင်း၏ စာအုပ်ကိုဖတ်ရှုခြင်းဖြင့် တိုင်းပြည်နှင့်လူမျိုးကို ပိုပြီးမြတ်နိုးလေးစားတတ်လာပါကြောင်း၊ အဆိုးအကောင်း၊ အကျိုးအကြောင်း၊ ဆင်ခြင်တုံတရားသည် အလွန်အရေးကြီးပါကြောင်းနှင့် ရှေးရှေးဗမာကြီးတို့၏ခံနိုင်ရည်ရှိမှု၊ ဇွဲရှိမှု၊ အမျိုးချစ်မှုတို့ကို သိမြင်စေရန် ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အဖွဲ့ဝင် ဦးလှဝင်းက အမျိုးစောင့်တရားကို နှလုံးသားဖြင့် ခံစားနားလည်တတ်စေရန်၊ အကျိုးဖျက်ဆီးလိုသူ၊ သူတစ်ပါး၏ လက်ကိုင်ထုတ်များ၏အန္တရာယ်သည် ယခင်ကလည်းရှိခဲ့သလို ယခုလည်းရှိ‌နေ၊ နောင်အခါလည်း ရှိနေမည်လား၊ မြန်မာမင်းအဆက်ဆက်ကပင် တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာစောင့်သိကာကွယ်ပုံ၊ ကျေးလက်တောရွာမကျန် စည်းလုံးညီညွတ်ပုံများကို သိမြင်စေရန် ရေးသားထား‌သည့် ဤကဲ့သို့သော ရသမြောက်ဝတ္ထုမျိုးကို လေ့လာဖတ်ရှုသင့်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုမင်း