မိုင်းဆတ် ဧပြီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ (၁) နာရီက စာရေးဆရာ ဒေါက်တာမြင့်သန်းထွန်း ရေးသားသည့် “ပြည်သူ့ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးပိုင်ထူးက “ခြင်ကြောင့်ဖြစ်သာရောဂါများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဒေါ်ငုဝါဖူးက “လူတစ်ယောက်၏ အပူရှပ်ခြင်းနှင့်ခရမ်းလွန်ရောင်ခြည်ကာကွယ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဒေါ်နန်းခမ်းလွှမ်းက “နွေရာသီတွင်ဖြစ်တတ်သောကျန်းမာရေးပြဿနာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အကျယ်တဝင့် ဆွေနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)