ရန်ကင်း ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက် နှင်းဆီလမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကန်ဘဲ့အိမ်ရာဝင်းအတွင်း နွေရာသီကာလ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ရန်ကင်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ နှင်းဆီလမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကန်ဘဲ့အိမ်ရာဝင်းအတွင်း မီးဘေးလုံခြုံရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်း ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃) ဦး၊ မြို့တော်စည်ပင်မီးသတ်ဌာနစုမှ တပ်ဖွဲ့ဝင် (၂) ဦးတို့ဖြင့် ပူးပေါင်း၍ မိန်းခုံများ၊ မီးသတ်ဆေးဘူးများနှင့် ရေစက်များစစ်ဆေးရာ အိမ်ခန်း (၈၀)ခန်းအား စစ်ဆေးပြီးစီးခဲ့ပြီး အိမ်ရာဝင်းအတွက် မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (FSC) ရယူဆောင်ရွက်ရေး အကြံပြုခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)