ချမ်းမြသာစည် ဧပြီ ၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်တောင်ရပ်ကွက်၊ အကွက်(၄၅၇) လက်ရွေးရပ်၊ ကမ်းနားလမ်းရှိ အမှတ် (၁၈) အ.ထ.က ခွဲကျောင်းတွင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်သည့် ပြည်သူများ၏ လူမှုဘဝမြင့်မားလာစေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို ယမန်နေ့ ညနေ ၃ နာရီအချိန်မှ စတင်၍ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာသင်ဝိုင်းများကို မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနုကိုယ်တိုင် ကြီးကြပ်၍ သင်ကြားရေးဆရာ/ဆရာမ (၄)ဦး၊ ကြီးကြပ်ဆရာ (၂)ဦးတို့ဖြင့် သင်တန်းသား/သူ (၁၀)ဦးအား သင်ကြားဆောင်ရွက်ခဲ့ပြီး စာတတ်မြောက်ရေး လာရောက်သင်ကြားသူများအား တစ်ဦးလျှင် ဗလာစာအုပ် (၂)အုပ်၊ ခဲတံ (၂)ချောင်း၊ ပုံနှိပ်စာအုပ် မြန်မာစာ၊ သင်္ချာစာအုပ်များကို ထောက်ပံ့ပေးခဲ့သည်။ စာသင်ဝိုင်းများကို ဧပြီ ၆ ရက် မှ မေလ ၁၅ ရက်နေ့အထိ နေ့စဉ် ညနေ ၃ နာရီမှ ၆ နာရီအထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ချမ်းမြေ့