ဟိုပုံးတပ်နယ်မိသားစုမှ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စာဖြေသံဃာများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၊ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှုအား ဖူးမြော်ကြည်ညို

ဟိုပုံး ဧပြီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုနေသည့် သံဃာတော်များနှင့်သီလရှင်များအား ဟိုပုံးတပ်နယ်မိသားစုမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဟိုခိုကျောင်းတိုက်တွင် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့်ဇနီးဒေါ်မေရီရွှေ၊ အရာရှိကြီးများနှင့်ဇနီးများက ဆရာတော်၊ သံဃာတော်များအား ရှိခိုးကန်တော့၍ ဆရာတော်များထံမှ ဩဝါဒကထာနာယူဆောက်တည်ကြသည်။ ယင်းနောက် ဟိုပုံးတပ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် အရာရှိကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များသည် အစိုးရပါဠိပထမပြန်စာမေးပွဲ ဟိုပုံးမြို့နယ်မှ ပထမကြီးတန်း စာရင်းရှိ (၁၃) ပါး၊ ဖြေဆို (၉) ပါး ၊ ပထမလတ်တန်း စာရင်းရှိ (၂၆) ပါး၊ ဖြေဆို (၂၄) ပါး၊ ပထမငယ်တန်း စာရင်းရှိ (၇၈) ပါး၊ ဖြေဆို (၆၉) ပါး၊  အခြေပြုမူလတန်း စာရင်းရှိ (၂၄၀) ပါး၊ ဖြေဆို (၁၆၅) ပါး စုစုပေါင်း စာရင်းရှိ (၃၅၇) ပါး၊ ဖြေဆို (၂၆၇) ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဆီဆိုင်မြို့နယ်မှ ပထမကြီးတန်း စာရင်းရှိ (၂) ပါး၊ ဖြေဆို(မရှိ)၊ ပထမလတ်တန်း စာရင်းရှိ (၆) ပါး၊ ဖြေဆို (၁) ပါး၊ ပထမငယ်တန်း စာရင်းရှိ (၂၄) ပါး၊ ဖြေဆို (၇) ပါး၊  အခြေပြုမူလတန်း စာရင်းရှိ (၈၇) ပါး၊ ဖြေဆို (၃၇) ပါး စုစုပေါင်း စာရင်းရှိ (၁၁၉) ပါး၊ ဖြေဆို (၄၅) ပါး ဝင်ရောက်ဖြေဆိုနေမှုအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲတွင် စာမေးပွဲကြီးကြပ်ရေးဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲကာလအတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့် မြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းနှင့်ဆွမ်းများ ဆက်ကပ်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါစာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)