မိုင်းနောင် ဧပြီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ ၀မ်စိမ်းအခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ကြားရေးများကို ယမန်နေ့နံနက် (၉) နာရီအချိန်က စတင်သင်ကြားခဲ့ကြောင်း သိရှိရသည်။
မိုင်းနောင်မြို့၊ ၀မ်စိမ်းကျေးရွာအုပ်စု၊ အမှတ် (၁) ရပ်ကွက်အတွင်းရှိ ငယ်စဉ်ကပညာမသင်ကြားခဲ့ရသော ဒေသခံတိုင်းရင်းသားများအားလုံး လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူတိုင်းစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်းများဆောင်ရွက်ကာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ကြားရေးများကို သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စာသင်ဝိုင်းတွင် စာသင်ကြားနေသူ ကျား (၅) ဦး၊ မ (၁၅) ဦး၊ စုစုပေါင်း (၂၀) ဦးတို့အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနမှ ထုတ်ဝေသော အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၊ အခြေခံ(မြန်မာစာ)ဘာသာရပ်နှင့် အခြေခံ(သင်္ချာ)ဘာသာရပ်များကို သင်တန်းနည်းပြ (၂) ဦးဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မနန်း(မိုင်းနောင်)