ရန်ကုန် ဧပြီ ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Digital Library Management System (DLMS) ရေးသွင်းနည်းသင်တန်းဆင်းပွဲအား ဧပြီလ ၅ ရက်နေ့ နေ့လယ်၁နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ၀န်ထမ်းများအနေဖြင့် ယခုသင်တန်း၌ စာကြည့်တိုက်တာဝန်ခံများသာမက ဝန်ထမ်းတိုင်း Digital Library Management System (DLMS) ဖြင့် မိမိရုံးရှိစာအုပ်များ စာရင်းရေးသွင်းနည်းကို သင်ကြားတတ်မြောက်စေရန်နှင့် DLMS စာရင်းမရေးသွင်းခင် တိုက်ပိုင်စာအုပ်၊ ရာစုစာအုပ်၊ မြေပြင်ရှိစာအုပ်စာရင်းများ ကြိုတင်စစ်ဆေးထားရှိရန်နှင့် ယခုသင်တန်း၌ သင်ကြားခဲ့သည့်အတိုင်း မှန်ကန်စွာ DLMS စာရင်းရေးသွင်းကြရန်၊ စာရင်းရေးသွင်းရာတွင် ဝန်ထမ်းများ အချင်းချင်းစည်းလုံးညီညွှတ်စွာဖြင့် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသား/ သင်တန်းသူ (၂၄)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၅) ရက်ကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ကြောင်းသိရသည်။
သိန်းအောင်(ပြန်/ဆက်)