ကျောက်တံတားမြို့နယ်တွင် စာရေးသားနည်း သင်တန်းဆင်းပွဲကျင်းပ

ကျောက်တံတား ဧပြီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်းခေတ်မီစာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် (၁၁:၀၀)နာရီအချိန်က လေအန်ကုန်းစာပေရပ်ဝန်းမှ  စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) တို့ပူးပေါင်း၍ စာရေးသားနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖ ဦးသိန်းနိုင်၊ လေအန်ကုန်းစာပေရပ်ဝန်းမှ တာဝန်ရှိသူများစာရေးဆရာများ၊ သင်တန်းနည်းပြဆရာစာရေးဆရာ သိင်္ခသူနှင့် စာရေးဆရာ နောင်အံ့လူ၊ သင်တန်းသား/သင်တန်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊၊

သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းဖြစ်မြောက်ရေးကော်မတီနာယက ဆရာဇော်ထူးနိုင်(စာပေနှင့်ဂမ္ဘီရ)က အဖွင့်အမှာစကားပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဌ စာရေးဆရာမညွန့်ညွန့်(ကလော)နှင့် မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်တို့က သင်တန်းဖွင့်လှစ်ခဲ့မှု အခြေအနေများကိုလည်းကောင်း၊ သင်တန်းသား မောင်ရွှေလှိုင်ထွန်းက ကျေးဇူးတင်စကားကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် သင်တန်းတွင် အာဟာရဒါနလှူဒါန်းသည့် အလှူရှင်များနှင့် သင်တန်းသား/ သင်တန်းသူများအား ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့ကြသည်။

အဆိုပါ စာရေးသားနည်းသင်တန်းအား စာရေးဆရာသိင်္ခသူနှင့် စာရေးဆရာနောင်အံ့လူတို့က ဝတ္ထုရေးနည်း၊ ကဗျာရေးနည်း၊ ဆောင်းပါးရေးနည်းတို့အား  (၉-၃-၂၀၂၄) ရက်မှစ၍ အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့တိုင်း တစ်ပတ်လျှင်(၂)ရက်နှုန်းဖြင့် (၆-၄-၂၀၂၄)ရက်အထိ (၉)ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်းသိရှိရပါသည်။

သဇင်-ကျောက်တံတား