ပင်းတယ နိုဝင်ဘာ ၆
ရှမ်းပြည် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းမှ နေရပ်ပြန်ပြည်သူများမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကြိုတင်ဆန္ဒမဲများပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းရှိ နေရပ်ပြန်ပြည်သူများ ကြိုတင် ဆန္ဒမဲပေးနိုင်ရန် အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်နှင့် ကျန်းမာရေး ဝန်ထမ်းများတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုစုမွန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဥက္ကဋ္ဌများ၊ မဲရုံမှူးများနှင့် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် နေရပ်ပြန်ပြည်သူ စုစုပေါင်း ၆ ဦးတို့က ကြိုတင်ဆန္ဒမဲများကို ပေးခဲ့ကြကြောင်း သိရသည်။
ပင်းတယ(ပြန်/ဆက်)