ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကျင်းပ

ရမည်းသင်း    ဧပြီ   ၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ နှုတ်မှုစွမ်းရည် ပြည့်ဝစေရန်အလယ်တန်းအဆင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ဧပြီ ၅ ရက် နံနက် ၉ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား၊ကျောင်းသူ လူငယ်များအား စာများများဖတ်ခြင်းဖြင့် စဉ်ဆက် မပြတ် တွေခေါ်နိုင်မှုစွမ်းရည်များရရှိကာ ပိုမိုသိသာထင်ရှားသော နည်းလမ်းများဖြင့် တွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးသည့် စွမ်းရည်များဖြစ်ပြီး ကျောင်းသားလူငယ်များ မိမိအရည်အချင်းများကို ဖွံ့ဖြိုးတိုးတက်စေရန် ယုံကြည်မှုဉာဏ်ပညာဖြင့် ရင်ဆိုင်ဖြေရှင်း နိုင်ရေးတို့ကိုရှင်းလင်းကာ အလယ်တန်းအဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ပုံပြော ပြိုင်ပွဲကျင်းပခြင်း စည်းကမ်းချက်များနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက်  ရမည်းသင်းမြို့နယ်အတွင်းရှိအခြေခံ ပညာကျောင်း (၅)ကျောင်းမှကဗျာ ရွတ်ဆို ပြိုင်ပွဲတွင်(၇)ဦး၊ ပုံပြောပြိုင်ပွဲတွင် (၁၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

(ခရိုင်ပြန်/ဆက်၊ရမည်းသင်း)