သထုံမြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေးအတွက် စာသင်သား (၈၀၄) ဦးတို့အား စာသင်ဝိုင်း (၆၉) ဝိုင်း ဖွင့်လှစ်သင်ကြား

သထုံ ဧပြီ ၆

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူများ၊ စာမတတ်သူ၊ ကျောင်းမနေသူများ ပညာရေးနှင့်ရင်နှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရေးအတွက် ယနေ့ နံနက်မှစတင်ကာ ကျေးရွာအုပ်စုပေါင်း (၃၃) စုတို့၌ စာသင်ဝိုင်း (၆၉)ဝိုင်း ဖွင့်လှစ်ကာ စာသင်သား (၈၀၄) ဦးတို့အား သင်ကြားပေးလျှက်ရှိကြောင်း မြို့နယ်အဆင့် စာတတ်မြောက်ရေးကြီးကြပ်မှုကော်မတီမှ သိရသည်။

စာသင်ဝိုင်းများ စတင်ဖွင့်လှစ်သင်ကြားရာသို့ မြို့နယ်အဆင့် စာတတ်မြောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

သထုံမြို့နယ်အတွင်း အဆိုပါစာသင်ဝိုင်းများကို ဧပြီလ(၆)ရက်နေ့မှ မေလ(၈)ရက်နေ့အထိ ရက်ပေါင်း (၄၀) ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး နည်းပြ ဆရာ/ ဆရာမ (၆၉) ဦး၊ ကြီးကြပ်ဆရာမ (၇) ဦးတို့က သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)