ဒဂုံမြောက် ဧပြီ ၆
ပူပြင်းခြောက်သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ရုံးဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၇)ရပ်ကွက်၊ စုပေါင်းရုံးလမ်းရှိ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းတို့ကို ယမန်နေ့ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောသရုပ်ပြရာတွင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနရှိ လက်ထောက်ကြီးကြပ်ရေးမှူး (တာဝန်ခံ) ဦးနေလင်းနှင့် ဝန်ထမ်း(၅၀)ဦးတို့အား မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဉီးဆောင်၍ သန္ဓေ(၅)ဦး၊ အရန်(၃)ဦးတို့ဖြင့် ဟောပြော၍ DCP မီးသတ်ဆေးဘူးဖြင့် ဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြကာ ဝန်ထမ်းများမှ လက်တွေ့ဆောင်ရွက်စေပြီး ရုံးတွင်းမီးဘေးအန္တရာယ် ကင်းရှင်းစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ